Showing posts with label Brunei. Show all posts
Showing posts with label Brunei. Show all posts

Friday, October 6, 2017

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဘရူနိုင်းဘုရင်၏ နန်းမွေ ဆက်ခံခြင်း နှစ် (၅၀)ပြည့် အခမ်းအနား တက်ရောက်

Photo Credit:MSCO



နေပြည်တော်၊ အောက်တိုဘာ ၆

            နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဘရူနိုင်း ဘုရင်မင်းမြတ် ဆူလ်တန် ဟာဂျီ ဟာဆာနယ်လ် ဘိုကီးယား မူအစ်ဇာဒင် ဝါဒူလာ ဖိတ်ကြားချက်အရ အောက်တိုဘာ ၆ ရက် နံနက် ၈ နာရီအချိန်တွင် နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ဘရူနိုင်ငံနိုင်ငံသို့ အထူးလေယဉ်ဖြင် ထွက်ခွာပြီး၊ ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီ ၁၅ မိနစ်တွင် ဘရူနိုင်းဒါရူဆလမ်နိုင်ငံ၊ ဘန်ဒါဆရီဘီဂါဝန်မြို့ အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်သည်။

            နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဘရူနိုင်းဒါရူဆလမ်နိုင်ငံ ဘန်ဒါဆရီ ဘီဂါဝန်မြို့  Istana Nurul Imam ဘုရင့် နန်းတော်၌ ကျင်းပသည့် ဘရူနိုင်းဒါရူ ဆလမ်နိုင်ငံ ဘုရင်မင်းမြတ် ဆူလ်တန် ဟာဂျီ ဟာဆာနယ်လ် ဘိုလ်ကီးယား မူအစ်ဇာဒင် ဝါဒူလာ နန်းမွေဆက်ခံသည့် နှစ်(၅ဝ)ပြည့် ရွှေရတုအထိမ်းအမှတ် ဂုဏ်ပြု ညစာစားပွဲ အခမ်းအနားသို့ တက်ရောက်ကြကြောင်း သိရှိရသည်။

            နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ အရှေ့တောင်အာရှ နိုင်ငံများမှ ခေါင်းဆောင်များ ဖြစ်သော အင်ဒိုနီးရှား သမ္မတ ဂျိုကို ၀ီဒိုဒို၊ မလေးရှားဝန်ကြီးချုပ် နာဂျစ်ဟာဇတ်နှင့် ဖီလစ်ပိုင် သမ္မတ ဒူတာတေး တို့သည်လည်း ဘရူနိုင်းဘုရင် နန်းမွေဆက်ခံသည့် နှစ်(၅ဝ) ပြည့် ရွှေရတု အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်ကြောင်း သိရှိရသည်။

            အသက် ၇၁ နှစ်ရှိပြီဖြစ်သော ဘရူနိုင်းဘုရင် ဆူလတန်သည် ဗြိတိန်ဘုရင်မကြီး အယ်လိဇဘက်-၂ ပြီးလျှင် ကမ္ဘာပေါ်တွင် သက်တမ်းအကြာဆုံး အုပ်ချုပ်သော ဘုရင်ဖြစ်သည်။

            မြန်မာနှင့် ဘရူးနိုင်း နှစ်နိုင်ငံသည် ၁၉၉၃ ခုနှစ်မှ စတင်ကာ သံတမန် ဆက်ဆံမှု စတင်ခဲ့ပြီး စွမ်းအင်နှင့် စိုက်ပျိုးရေး ကဏ္ဍများတွင် အဓိက ပူးပေါင်း ဆောင်ရွက်လျှက်ရှိသည်။