Showing posts with label Union Day. Show all posts
Showing posts with label Union Day. Show all posts

Thursday, January 19, 2017


ပင်လုံ ပြည်ထောင်စုနေ့ အခမ်းအနား  ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မည်
ကိုသာဗျော၊နေပြည်တော်၊ ဇန်န၀ါရီ-၁၉
            ရှမ်းပြည်နယ် ပင်လုံမြို့တွင် ကျင်းပမည့် နှစ်(၇၀) မြောက် ပြည်ထောင်စုနေ့ အခမ်းအနားသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မည် ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ အတွင်းရေးမှူး အဖွဲ့ဝင် ဦးဝင်းထိန်က ပြောဆိုသည်။

            "၁၂ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်က အစိုးရအဖွဲ့ အနေနဲ့ ပင်လုံမှာ ပြည်ထောင်စုနေ့ အခမ်းအနားတက်မယ်။ ပါတီဥက္ကဋ္ဌ အနေနဲ့ တက်တာ မဟုတ်ဘူး"ဟု ဦးဝင်းထိန်က မီဒီယာများသို့ ပြောကြားသည်။

            ဆက်လက်၍ ပြည်ထောင်စုနေ့ အခမ်းအနား အပြီးတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် လူငယ်များ ခေါင်းဆောင်သည့် ငြိမ်းချမ်းရေး ထောက်ခံပွဲကို ဖေဖော်ဝါရီ ၁၂ ရက် နှင့် ၁၃ ရက်တို့တွင် ကျင်းပမည် ဖြစ်ပြီး နိုင်ငံရေး ဟောပြောပွဲများ၊အားကစား ပြိုင်ပွဲများနှင့် ကျပန်းစကားပြော ပွဲများ ပါဝင်မည်ဟု ဦးဝင်းထိန်က ဆက်လက် ပြောဆိုသည်။

            "ပင်လုံမှာ ၁၂ ရက်နဲ့ ၁၃ ရက်က အင်န်အယ်လ်ဒီ လူငယ်ခေါင်းဆောင် ပြီးတော့ ငြိမ်းချမ်းရေး ထောက်ခံပွဲ၊ နောက်တစ်နေ့ ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့၊ နှစ်ရက် ဆက်တိုက်လုပ်မယ်။ နိုင်ငံရေး ဟောပြောပွဲတွေပါမယ်။ အားကစားပြိုင်ပွဲတွေ၊ ဆုပေးပွဲတွေပါမယ်။ ဗိုလ်ချုပ် အောင်ဆန်းနဲ့ ပတ်သက်လို့ ကျပန်းစကား ပြောတာတွေပါမယ်"ဟု ဦးဝင်းထိန်က ပြောဆိုသည်။

            နှစ် (၇၀) မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကို နေပြည်တော်တွင်လည်း ပုံမှန်အတိုင်းကျင်းပမည် ဖြစ်ပြီး နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန-၂ တွင် ငြိမ်းချမ်းရေး နှိုးဆော်ထောက်ခံပွဲများ ကိုပါ ကျင်းပသွားမည် ဖြစ်ကြောင်းသိရသည်။