Friday, October 6, 2017

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဘရူနိုင်းဘုရင်၏ နန်းမွေ ဆက်ခံခြင်း နှစ် (၅၀)ပြည့် အခမ်းအနား တက်ရောက်

Photo Credit:MSCO



နေပြည်တော်၊ အောက်တိုဘာ ၆

            နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဘရူနိုင်း ဘုရင်မင်းမြတ် ဆူလ်တန် ဟာဂျီ ဟာဆာနယ်လ် ဘိုကီးယား မူအစ်ဇာဒင် ဝါဒူလာ ၏ ဖိတ်ကြားချက်အရ အောက်တိုဘာ ၆ ရက် နံနက် ၈ နာရီအချိန်တွင် နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ဘရူနိုင်ငံနိုင်ငံသို့ အထူးလေယဉ်ဖြင် ထွက်ခွာပြီး၊ ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီ ၁၅ မိနစ်တွင် ဘရူနိုင်းဒါရူဆလမ်နိုင်ငံ၊ ဘန်ဒါဆရီဘီဂါဝန်မြို့ အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်သည်။

            နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဘရူနိုင်းဒါရူဆလမ်နိုင်ငံ ဘန်ဒါဆရီ ဘီဂါဝန်မြို့  Istana Nurul Imam ဘုရင့် နန်းတော်၌ ကျင်းပသည့် ဘရူနိုင်းဒါရူ ဆလမ်နိုင်ငံ ဘုရင်မင်းမြတ် ဆူလ်တန် ဟာဂျီ ဟာဆာနယ်လ် ဘိုလ်ကီးယား မူအစ်ဇာဒင် ဝါဒူလာ နန်းမွေဆက်ခံသည့် နှစ်(၅ဝ)ပြည့် ရွှေရတုအထိမ်းအမှတ် ဂုဏ်ပြု ညစာစားပွဲ အခမ်းအနားသို့ တက်ရောက်ကြကြောင်း သိရှိရသည်။

            နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ အရှေ့တောင်အာရှ နိုင်ငံများမှ ခေါင်းဆောင်များ ဖြစ်သော အင်ဒိုနီးရှား သမ္မတ ဂျိုကို ၀ီဒိုဒို၊ မလေးရှားဝန်ကြီးချုပ် နာဂျစ်ဟာဇတ်နှင့် ဖီလစ်ပိုင် သမ္မတ ဒူတာတေး တို့သည်လည်း ဘရူနိုင်းဘုရင် နန်းမွေဆက်ခံသည့် နှစ်(၅ဝ) ပြည့် ရွှေရတု အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်ကြောင်း သိရှိရသည်။

            အသက် ၇၁ နှစ်ရှိပြီဖြစ်သော ဘရူနိုင်းဘုရင် ဆူလတန်သည် ဗြိတိန်ဘုရင်မကြီး အယ်လိဇဘက်-၂ ပြီးလျှင် ကမ္ဘာပေါ်တွင် သက်တမ်းအကြာဆုံး အုပ်ချုပ်သော ဘုရင်ဖြစ်သည်။

            မြန်မာနှင့် ဘရူးနိုင်း နှစ်နိုင်ငံသည် ၁၉၉၃ ခုနှစ်မှ စတင်ကာ သံတမန် ဆက်ဆံမှု စတင်ခဲ့ပြီး စွမ်းအင်နှင့် စိုက်ပျိုးရေး ကဏ္ဍများတွင် အဓိက ပူးပေါင်း ဆောင်ရွက်လျှက်ရှိသည်။           


Thursday, January 19, 2017


ပင်လုံ ပြည်ထောင်စုနေ့ အခမ်းအနား  ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မည်
ကိုသာဗျော၊နေပြည်တော်၊ ဇန်န၀ါရီ-၁၉
            ရှမ်းပြည်နယ် ပင်လုံမြို့တွင် ကျင်းပမည့် နှစ်(၇၀) မြောက် ပြည်ထောင်စုနေ့ အခမ်းအနားသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မည် ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ အတွင်းရေးမှူး အဖွဲ့ဝင် ဦးဝင်းထိန်က ပြောဆိုသည်။

            "၁၂ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်က အစိုးရအဖွဲ့ အနေနဲ့ ပင်လုံမှာ ပြည်ထောင်စုနေ့ အခမ်းအနားတက်မယ်။ ပါတီဥက္ကဋ္ဌ အနေနဲ့ တက်တာ မဟုတ်ဘူး"ဟု ဦးဝင်းထိန်က မီဒီယာများသို့ ပြောကြားသည်။

            ဆက်လက်၍ ပြည်ထောင်စုနေ့ အခမ်းအနား အပြီးတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် လူငယ်များ ခေါင်းဆောင်သည့် ငြိမ်းချမ်းရေး ထောက်ခံပွဲကို ဖေဖော်ဝါရီ ၁၂ ရက် နှင့် ၁၃ ရက်တို့တွင် ကျင်းပမည် ဖြစ်ပြီး နိုင်ငံရေး ဟောပြောပွဲများ၊အားကစား ပြိုင်ပွဲများနှင့် ကျပန်းစကားပြော ပွဲများ ပါဝင်မည်ဟု ဦးဝင်းထိန်က ဆက်လက် ပြောဆိုသည်။

            "ပင်လုံမှာ ၁၂ ရက်နဲ့ ၁၃ ရက်က အင်န်အယ်လ်ဒီ လူငယ်ခေါင်းဆောင် ပြီးတော့ ငြိမ်းချမ်းရေး ထောက်ခံပွဲ၊ နောက်တစ်နေ့ ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့၊ နှစ်ရက် ဆက်တိုက်လုပ်မယ်။ နိုင်ငံရေး ဟောပြောပွဲတွေပါမယ်။ အားကစားပြိုင်ပွဲတွေ၊ ဆုပေးပွဲတွေပါမယ်။ ဗိုလ်ချုပ် အောင်ဆန်းနဲ့ ပတ်သက်လို့ ကျပန်းစကား ပြောတာတွေပါမယ်"ဟု ဦးဝင်းထိန်က ပြောဆိုသည်။

            နှစ် (၇၀) မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကို နေပြည်တော်တွင်လည်း ပုံမှန်အတိုင်းကျင်းပမည် ဖြစ်ပြီး နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန-၂ တွင် ငြိမ်းချမ်းရေး နှိုးဆော်ထောက်ခံပွဲများ ကိုပါ ကျင်းပသွားမည် ဖြစ်ကြောင်းသိရသည်။
ပါတီ၏ ရည်မှန်းချက်များနှင့် ကိုက်ညီမှု ရှိ၊ မရှိသိရှိနိုင်ရန် လုပ်ငန်း စွမ်းဆောင်ရည် လေ့လာစိစစ်ရေးအဖွဲ့  ဖွဲ့စည်းခဲ့
ကိုသာဗျော၊ နေပြည်တော်၊ ဇန်န၀ါရီ-၁၉
          အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ၂၀၁၅ ရွေး ကောက်ပွဲဆိုင်ရာ ကြေညာစာတမ်းပါ အချက်များ နှင့် ကိုက်ညီမှု ရှိ၊ မရှိ အပေါ် အစိုးရ အဖွဲ့ဝင်များနှင့် လွှတ်တော် ကိုယ်စားလှယ်များ လုပ်ငန်း စွမ်းဆောင်ရည် လေ့လာ စိစစ်ရေး အဖွဲ့ကို ဖွဲ့စည်း ထားကြောင်း ဗဟို အလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်က ပြောဆိုသည်။ 

         "လွှတ်တော် သက်တမ်းကလည်း တစ်နှစ်ရှိပြီ။ အစိုးရသက်တမ်းကလည်း တစ်နှစ်နီးပါး ရှိပြီဆိုတဲ့ အခါကျတော့ သူတို့ရဲ့စွမ်းဆောင်မှု တွေက အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ရွေးကောက်ပွဲတုန်းက ထုတ်ထားတဲ့ ရွေးကောက်ပွဲဆိုင်ရာ ကြေညာစာတမ်းမှာပါတဲ့ ရည်မှန်းချက်တွေနဲ့ ဘယ်လောက်အထိ ကိုက်ညီမှုရှိ သလဲ၊ဘာတွေ လွဲနေသလဲ၊ ဘာတွေ လိုနေသလဲ၊ နောက် လူတစ်ဦးချင်းရဲ့ လွှတ်တော်ထဲမှာ စွမ်းဆောင်တဲ့ စွမ်းဆောင်ချက်တွေ၊ သူတို့မေးတဲ့ မေးခွန်းတို့၊ အဆိုတို့ စသဖြင့်အဲဒီသူတို့တစ်ဦးချင်းရဲ့ အရည်အချင်းကို ဆန်းစစ်တာပေါ့"ဟု ယင်းအဖွဲ့တွင် အဖွဲ့ခေါင်းဆောင်အဖြစ် တာဝန် ယူဆောင်ရွက်မည့် ဦးဝင်းထိန်က     ပြော ဆိုသည်။
          တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လွှတ်တော် ကိုယ်စားလှယ် ၈၈၃ ဦး၏ လုပ်ငန်းဆောင်ရွက်မှုကို သုံးသပ်သွားမည်ဖြစ်ပြီး လိုအပ်သူများကို သင်တန်းများ ၊ အလုပ်ရုံဆွေးနွေးပွဲများ လုပ်ဆောင်ပေး သွားမည် ဖြစ် ကြောင်း ဦးဝင်းထိန်က ဆက်
လက်ပြောဆိုသည်။

         "၈၈၃ ယောက်ရဲ့ အနေအထားကို သုံးသပ်မှာလေ။ သုံးသပ်ပြီးတော့မှ တော်တဲ့သူတွေ၊ သာမန်စွမ်းဆောင် ရည်လုပ်နိုင်တဲ့သူတွေကိုတော့ ဘာမှပြောစရာ မရှိဘူး။ လိုတယ်လို့ထင်တဲ့ သူတွေကိုတော့ အစိုးရအာဏာ မယူ ခင်တုန်းက လုပ်သလိုပေါ့။ တိုင်းနဲ့ပြည်နယ် အလိုက် သင်တန်း တွေ ပေးတယ်။ နောက်သူတို့ဘာသာသူတို့ လုပ်တဲ့ Workshop တွေရှိတယ်"ဟု ဆို သည်။

          လေ့လာဆန်းစစ် တွေ့ရှိချက်များအား နိုင်ငံတော် သမ္မတနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ထံ တင်ပြ ဆုံးဖြတ်ချက်ရယူကာ ထောက်ပြ အကြံပြုသွားမည်ဖြစ် ကြောင်း ယင်းအဖွဲ့ခေါင်းဆောင် ဦးဝင်းထိန်က ပြော ကြားသည်။ 

          "တွေ့တာကို သမ္မတနဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ဆီ တင်ပြရမယ်။ ဆုံးဖြတ်တာတော့ သူတို့ ဆုံးဖြတ်မယ်။ လွှတ် 
တော်နဲ့ ပတ်သက်လို့ရှိရင်တော့ လွှတ် တော်က အရေးယူမှာ။ အစိုးရနဲ့ ပတ် သက်လို့ ရှိရင်တော့ သမ္မတနဲ့ နိုင်ငံတော်အတိုင်
ပင်ခံတို့က ဆုံးဖြတ်မှာပေါ့။ တွေ့ရှိချက်တင်ပြမယ်။ ဘယ်လို အရေးယူသင့်တယ် ဆိုတာလဲ ထောက်ပြ အကြံပြုရမှာပေါ့"ဟု အဖွဲ့၏ လုပ်ငန်းစဉ်များကို မီဒီယာများသို့ ပြောကြားသည်။

         အစိုးရ အဖွဲ့ဝင်များနှင့် လွှတ်တော် ကိုယ်စားလှယ်များ လုပ်ငန်းစွမ်းဆောင်ရည် လေ့လာစိစစ်ရေး အဖွဲ့တွင် အဖွဲ့ခေါင်းဆောင်အဖြစ် ဦးဝင်းထိန်က တာဝန်ယူပြီး အဖွဲ့ဝင်များအဖြစ် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်၊ မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ အရန် ဗဟိုအလုပ်အမှုဆောင် ဒေါက်တာမျိုးညွန့်၊ မန္တလေးတိုင်းအလုပ်အမှုဆောင်အဖွဲ့ဥက္ကဋ္ဌ ဦးတင်ထွဋ် ဦးနှင့် ဗဟိုကော်မတီဝင် ဒေါ်လဲ့လဲ့ဦးတို့ဖြင့် ဖွဲ့စည်း ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ ကြေညာချက် အမှတ် ၂/၀၁/ ၂၀၁၇ ဖြင့် ဇန်န၀ါရီ ၁၉ ရက်က ထုတ်ပြန်သည်။
လွှတ်တော်ကိုယ်စားလှယ်၂၃ ဦး၏ တင်သွင်းလွှာ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံး ပလပ်

ကိုသာဗျော၊ နေပြည်တော်၊ ဇန်န၀ါရီ-၁၉
          ကရင်ပြည်နယ် မဲဆန္ဒနယ်(၅ )ကိုယ်စားလှယ် ဦးစိုင်းသန်းနိုင်အပါအ၀င် အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ၂၃ ဦး          တင်သွင်း သော အခြေခံဥပဒေ ခုံရုံးအဖွဲ့ဝင်များ၏ အရည်အချင်း သတ်မှတ်ချက်နှင့် ပတ်သက်သည့် တင်သွင်းလွှာအား ဇန်န၀ါရီ ၁၉ ရက် နံနက်က နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ခုံရုံးတွင် ကြားနာပြီး ယင်းတင်ပြလွှာအား ပလပ်လိုက်သည်။
ဥပဒေပညာရှင်အဖြစ် ဂုဏ်သတင်းကျော်စောသူအား သမ္မတမှ အသိအမှတ်ပြုသူဆိုသည့် အခြေခံဥပဒေပါ ပြဋ္ဌာန်းချက် နှင့်ပတ်သက်၍ အငြင်းပွားခဲ့ခြင်းဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်၏ အခွင့်ရပုဂ္ဂိုလ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က ပြောဆိုသည်။
           "ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ နိုင်ငံတော်သမ္မတက အရည်အချင်းနဲ့ ပြည့်စုံတယ်လို့ မှတ်ယူတဲ့သူဟာ နိုင်ငံတော်သမ္မတက ရွေးတဲ့သုံးယောက်နဲ့ပဲ မှတ်ယူပါတယ်ဆိုတဲ့ အဓိပ္ပာယ်ဖွင့်ဆိုခိုင်းတာ။ တကယ်တမ်း ဥပဒေတွေကို ပြန်ပြီး လေ့လာစိစစ်တဲ့ အခါ ကျတော့ အခုအမိန့် မိတ္တူမှာ အသေးစိတ်ပါတဲ့ အတိုင်းပဲ။ တကယ်တမ်း ဒါက အဓိပ္ပာယ် ဖွင့်ဆိုရမယ့် ကိစ္စမဟုတ်ဘူး။ 
မူလဖွဲ့စည်းပုံ အခြေခံဥပဒေ ပြဋ္ဌာန်းချက်နဲ့ ခုံရုံးဆိုင်ရာ ဥပဒေပုဒ်မ-၄ နဲ့ ကွဲလွဲချက်ပဲ ဖြစ်တယ်"ဟု တင်သွင်းခံရသူ၏ အခွင့်ရကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က မီဒီယာများသို့ ပြောကြားသည်။

           တင်သွင်းလွှာတွင် နိုင်ငံတော် သမ္မတ၏ အခွင့်အရေးအပေါ် ချုပ်နှောင်သကဲ့ သို့ ဖြစ်နေသည့်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆန့်ကျင်ရာ ရောက်နေသောကြောင့် နှစ်ဖက် လျှောက်လဲချက်များအား ကြားနာကာ အဆိုပါတင်ပြလွှာအား ပလပ်လိုက်ခြင်း ဖြစ်ကြောင်း ဦးအောင်ကြည်ညွန့်က ဆက်လက်ပြောဆိုသည်။
           "ဒီနေ့ ဆုံးဖြတ်ချက်က နှစ်ဖက်လျှောက်လဲချက်တွေအပေါ်မှာ မူတည်ပြီး နှိုင်းယှဉ်ပြီးတော့ အခုဆုံးဖြတ်ချက်ချတာလေ။ တစ်ဖက်က တင်ပြတာက နိုင်ငံတော် သမ္မတက ဥပဒေပညာရှင်အဖြစ် မှတ်ယူဆိုတာ သမ္မတကတင်တဲ့ သုံးယောက်နဲ့ပဲ အကျုံးဝင်တယ်ဆိုပြီး သူက ဆွဲယူချင်တာ။ ကျွန်တော်တို့ဘက်က တင်ပြတာက နိုင်ငံ တော် သမ္မတရဲ့ မှတ်ယူခွင့်က သူတင်ရမယ့်သုံးယောက်တင် မဟုတ်ဘဲနဲ့ အားလုံးကို စုစည်းပြီး ကိုးယောက်စလုံးအပေါ်မှာ အကျုံးဝင်တယ်။ အဲ့ဒါကို သူတင်ရမယ့် သုံးယောက်တည်းအတွက်မှာ သမ္မတကတင်တဲ့ သုံးယောက်တည်းအတွက် အပေါ်မှာပဲ သဘောထားပေးမယ်ဆိုရင် သူကသမ္မတရဲ့ အခွင့်အရေးကို ချုပ်နှောင်လိုက်တာဖြစ်တယ်။ ကျဉ်းကျုတ်ပြီးတော့ ချပေးလိုက်သလို ဖြစ်တယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ဆန့်ကျင်တယ်"ဟု တင်သွင်းခံရသူ ပြည်ထောင်စုလွှတ်တော်၏ အခွင့်ရပုဂ္ဂိုလ် 
ဦးအောင်ကြည်ညွန့်က ပြောဆိုသည်။

           ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာခုံရုံးအဖွဲ့ဝင်များအား နိုင်ငံတော်သမ္မတမှ သုံးဦး၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌတို့မှ သုံးဦးစီရွေးချယ်ပေးခြင်းဖြစ်ပြီး ယင်းတို့ထဲမှ ဦးတွာလ်
ကျင်ပေါင်နှင့် ဒေါ်ခင်ဌေးကြွယ်တို့အား ဒုတိယအကြိမ် လွှတ်တော်သက်တမ်း အစတွင် အခြေခံဥပဒေဆိုင်ရာ ခုံရုံးအဖွဲ့ဝင်အဖြစ် အရည်အချင်းကိုက်ညီခြင်း ရှိ၊ မရှိ လေ့လာနိုင်ရန် ပြည့်စုံ လုံလောက်ခြင်းမရှိကြောင်း တပ်မတော်သား ကိုယ်စားလှယ်အစု အဖွဲ့မှ အဆိုတင်သွင်းခဲ့သော်လည်း ယင်းတို့နှစ်ဦးအားဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးအဖွဲ့ဝင်များအဖြစ် ၂၀၁၆ ခုနှစ် မတ်လက လွှတ်တော်မှ အတည်ပြုခဲ့သည်။

Wednesday, July 15, 2015

Student Leader Zayar Lwin trail
Yangon, July 15

Student Leader Zayar Lwin speak, while he is escorted by police, leaving from a township court after his trial. Zayar Lwin, Paing Ye Thu and Nan Lin, three student leaders were charged for their marching to protest against constitutional amendment in front of Yangon City Hall on June 30.


Sunday, June 28, 2015

Destruction Ceremony of Seized Narcotic Drugs
Yangon, June 26

Destruction Ceremony of Seized Narcotic Drugs, was held at Transport Truck Terminal, Hlaing Thar Yar township, Yangon.

Over 244 million US dollars worth of seized narcotic drugs were destroyed at the International Day against Drug Abuse and Illicit Trafficking.


Thursday, March 26, 2015









Boats of Myeik archipalego


The Mergui archipalego (Myeik Kyunzu) is in far southern Myanmar and is part of Tanintharyi Division. More than 900 islands, varying size from very small to hundreds of square kilometres, lying in the Andaman Sea off the western shore of the Malay Peninsula.

Saturday, January 24, 2015

Model Su Chit as a Yangon University student















Model Su ChitSu Chit, debut in advertising commercial of MPT, one of mobile phone operator in Myanmar. Su Chit was remark as very cute with "thanakhar" on her beauty face by audience and that commercial video directed by famous Director Aung Ko Latt.

I took photos her to a character of Yangon University student.

Wednesday, January 21, 2015

Nobel-Myanmar literary festival










Yangon, January 12, 2015

A Nobel-Myanmar literary festival was held three-day festival starting Jan. 17,
to promoting the country's literary world and raising public interest in literature.

The play " Want to be Royal", that perform with famous writers as actor, written by Syar Zaw Gyi and directed by Author Chit Oo Nyo.

Sunday, January 11, 2015

Yoma Yangon International Marathon











Yangon, January 11, 2015

YOMA Yangon International Marathon participants make a big event this morning, in front of National Indoor Stadium Thuwana. Around 4000 participants and organized by YOMA group, supported by FMI(First Myanmar Investment), YCDC, Mitsubishi Cooperation, Sumitomo Cooperation and Diabetasol.